ကျောက်ပန်းတောင်း ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၁)၊ အ.ထ.က(၂)၊လေးရွာအထက်တန်းကျောင်းတို့၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ကျောင်းသား/ ကျောင်းသူများမှ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိပြီး ရှောင်ရှားကြစေရန်ရည်ရွယ်၍ ယနေ့အသိပညာပေးဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များမှလည်း မူးယစ်ဆေးအစ ဆေးလိပ်ကဆိုသလို ဆေးလိပ်ကိုတောင်မသုံးစွဲကြစေရေး၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်း ရင်းများ၊ ကျောင်းသား၊ ကျောင်းသူများမှ မူးယစ်ဆေးဝါးကြောင့် မိမိတို့၏အနာဂတ် ရည်မှန်းချက်များ မဆုံးရှုံးရလေအောင် မူးယစ်ဆေးမသုံးကြစေရေး အသိ ပညာပေးဟောပြောသည်။
ထို့နောက်ဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သဲသဲ (ပြန်/ဆက်)