ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတ‌ရေးရာဝန်ကြီး ဦးစိုင်းလိတ် ရပ်စောက်မြို့နယ်ရှိ သစ်တောစိုက်ခင်းအား ကွင်းဆင်းကြည့်ရှု

ရပ်စောက် ဇွန် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ သစ်တောစိုက်ခင်းများအား ယမန်နေ့ ရက်နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေး၊ တောင်ကြီးခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်မင်း၊ ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးပြည့်ဖြိုးမောင်နှင့် ရပ်စောက်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့်တာဝန်ရှိသူများက ဗထူးတပ်မြို့ရှိ သစ်တောသစ်ပင်ပေါက်ရောက်မှုနည်းပါးသည့်နေရာများတွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ၌ တည်ထောင်စိုက်ပျိုးသည့် အထူးစိမ်းလန်းစိုပြည်ရေး၊ သစ်တောစိုက်ခင်း (၈၉၀)ဧက ပေါင်းသင်ရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအားရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်