မိုင်းယောင်းမြို့၌ လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးပြသခြင်း ကွင်းလက်တွေ့သရုပ်ပြပွဲ ကျင်းပ

မိုင်းယောင်း ဇွန် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပြသခြင်း ကွင်းလက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဝမ်ဘိုးအုပ်စု ဝမ်ဘိုးကျေးရွာ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပြသခြင်း ကွင်းလက်တွေ့သရုပ်ပြပွဲ ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများက လက်စွဲကောက်စိုက်စက်အသုံးပြုနည်းကို ရှင်းလင်းပြောကြားပြီး လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း လက်တွေ့ပြသခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ တောင်သူလယ်သမားများ တက်ရောက်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း