သန်လျင် ဒီဇင်ဘာ ၁၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အောင်မဂ်လာရပ်ကွက်ရှိ အောင်နီလာလမ်းအား ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ လမ်းသစ်ထိပ်၌ ကျင်းပသည်။
ယင်းနောက် မင်္ဂလာအချိန်တွင် အောင်နီလာကွန်ကရစ်လမ်းသစ်အား သန်လျင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ကျေးဇူးတင်ဝမ်းမြောက် စကား ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပေးကြသည်။ ထို့နောက် ဧည့်သည်တော်များသည် အောင်နီလာကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုကြ သည်။ ယနေ့ ဖွင့်လှစ်သော သန်လျင်မြို့နယ် အောင်မင်္ဂလာရပ်ကွက် အောင်နီလာလမ်းသည် အရှည်ပေ(၈၀) အကျယ်(၁၀)ပေရှိပြီး သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)