ဝမ်းတွင်း ဇွန် ၂၆
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝမ်းတွင်းမြို့နယ်ရုံးမှ ဦးဆောင်၍ အခြေခံပညာအထက်တန်းကျောင်း(သဲတော)၊ အခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း)တို့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် “အနာဂတ်ပန်းများ ပွင့်လန်းဖို့မူးယစ်အန္တရာယ်ကာကွယ်စို့”၊ “ဘက်ပေါင်းစုံမှပူးပေါင်းပါဝင်”၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ “တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုကို တားဆီးနှိမ်နင်း”၊ “အဆိပ်ပန်း”၊ “မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ”၊ “ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ”စသည့် အသိပညာဗဟုသုတရဖွယ် မဟာဗျူဟာ၊ နည်းဗျူဟာ၊ ကဗျာ၊ ဆောင်းပါး၊ ကောက်နုတ်ချက်၊ ရုပ်ပြကာတွန်းများပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)