​စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ(အခမဲ့)ဝေငှ

စဉ့်ကိုင် ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ကျောင်းသား၊ ကျောင်းသူများ မူးယစ်အန္တရာယ်နှင့်ပတ်သက်သည့် ဆိုးကျိုးများကို သိရှိစေရန်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့‌မွန်းလွဲပိုင်းက အခြေခံပညာကျောင်းများသို့ (အခမဲ့) ဝေငှခဲ့သည်။

စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  အဆိုပါဦးစီးဌာန (ရုံးချုပ်)မှ (အခမဲ့) ထုတ်ဝေသည့်  ၂၀၂၅ခု နှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အနေဖြင့် ​မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့သို့ ပေးပို့သည့် “တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုကိုတားဆီးနှိမ်နင်း” သဝဏ်လွှာကောက်နုတ်ချက်၊ “ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်”၊ “မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ”၊ “မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ”၊ “ကမ္ဘာ့ပြဿနာ မူးယစ်ဆေးတစ်ကမ္ဘာလုံးတိုက်ဖျက်ပေး” ဆောင်ပုဒ်၊ “အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” ဆောင်ပုဒ်၊ စာရေးဆရာမောင်ကျေးဇူးရေးသားသည့် အဆိပ်ပန်းကဗျာနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ထားသည့် မှတ်တမ်းဓါတ်ပုံများ၊ ကာတွန်းများထည့်သွင်းရေးသားဖော်ပြထားသည့် သတင်းစကားလက်ကမ်းစာစောင်များကို‌ ကျောင်းသား၊‌ ကျောင်းသူများ၏ လက်ဝယ်အရောက် (အခမဲ့) ဝေငှပေးခဲ့‌ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)