ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းဆီထွက်သီးနှံမျိုးစုံ(၁၅၇၁၁)ဧကစိုက်ပျိုးခဲ့ပြီး (၂၄၆၂၅၀)တင်းထွက်ရှိ

ကျောက်ဆည် ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌  ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ သီးနှံမျိုးစုံ (၁၅၇၁၁)ဧက စိုက်ပျိုးခဲ့ပြီး (၂၄၆၂၅၀)တင်းထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ဆီထွက်သီးနှံများ စိုက်ပျိုးရာ၌ ဆင်းပဒေသာ(၁၁)မြေပဲသီးနှံ(၂၉၉)ဧက၊ တစ်ဧကအထွက်နှုန်း (၆၁.၄၀) တင်းနှင့် စုစုပေါင်း(၉၆၄၀)တင်း၊ ဆင်းရတနာ-၄ နှမ်းသီးနှံ(၅၁၃၈)ဧက၊ တစ်ဧကအထွက်နှုန်း (၁၃.၅၀)တင်းနှင့် စုစုပေါင်း(၆၉၃၆၃)တင်း၊ ရေဆင်း-၁ နေကြာသီးနှံ(၃၅၀)ဧက တစ်ဧကအထွက်နှုန်း (၃၅.၂၀) တင်း စုစုပေါင်း(၇၀၄၀)တင်း၊ ဆင်းရွှေကြာ-၂ နေကြာသီးနှံ(၉၉၂၄)ဧက၊ တစ်ဧကအထွက်နှုန်း (၃၄.၂၆) တင်း စုစုပေါင်း(၁၆၀၂၀၇)တင်း ထွက်ရှိကြောင်းနှင့် ဆီထွက်သီးနှံမျိုးစုံ(၂၄၆၂၅၀)တင်းထွက်ရှိကြောင်း သိရသည်။

နွေသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းရေး  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်း၍ ဒေသနှင့်ကိုက်ညီသည့်မျိုးများ၊ စိုက်နည်းစနစ်များ စနစ်တကျကူညီပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)