လွိုင်လင်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်

လွိုင်လင် ဇွန် ၂၆

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လွိုင်လင်ခရိုင်ရုံးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် ငလျင်အန္တရာယ် သဏ္ဍာန်တူဇတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေက ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍မရကြောင်း၊ ဘေးအန္တရာယ်ကြုံတွေ့လာပါက ရှောင်ရန်၊ ဆောင်ရန်အချက်များ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးက မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြောင့် နေပြည်တော်တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ကျောင်းသား/သူ (၁၅၀)ဦးတို့စုပေါင်း၍ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

လွိုင်လင်မိုး