မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ပန်းချီ၊ကာတွန်း ပြိုင်ပွဲဆုပေးပွဲပြုလုပ်

မိုင်းနောင် ဇွန် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲဆုပေးပွဲကို ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကိုမြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားတက်ရောက်လာသောဧည့်သည်တော်များမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့်တွင်ဆုရရှိသူ ကျောင်းသား၊ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲဆုပေးပွဲအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့်ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)