ကျိုင်းတောင်း ဇွန် ၂၆
ရှမ်းပြည်နယ်တောင်းပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးဝန်းအတွင်း “နမ့်တိမ်း” ခမ်းမ၌ ယမန်နေ့တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေ အသိပညာပေး ရှင်းလင်းပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းပွဲတွင် ကျိုင်းတောင်းမြို့ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့ကို ဖိတ်ကြားခဲ့ကြောင်း သိရပါသည်။ ထို့နောက် ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးသက်နိုင်မှ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများကို ရှင်းလင်းပြောကြား၍ ကင်းလွှတ်ခွင့်ရှိသူများနှင့် ကင်းလွှတ်ခွင့်မရှိသူများအကြောင်း ရှင်းလင်းပြောကြာပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ခံစားခွင့်များကိုလဲ ထပ်ဆင့်ရှင်းလင်းပြောကြားပေးခဲ့သည်။
ဆက်လက်၍ ကျိုင်းတောင်းနယ်မြေခံရဲစခန်းမှ ဒုရဲအုပ် ဟိန်းထက်စိုးမှ ပြည်သူ့စစ်မှုထမ်း ဆိုင်ရာဥပဒေများကို ထပ်ဆင့်ရှင်းလင်းခဲ့ပြီး ရှောင်လွှဲသူများသို့ အရေးယူခံရမည့် ပြစ်ဒဏ်များကို လဲရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရှင်းလင်းပွဲသို့ ဖိတ်ကြားထားသေ ကျေးရွာရက်ကွက်နေလူများနှင့် အပြန်အလှန် မေးမြန်ဆွေးနွေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေရှင်းလင်းပွဲကို နေ့လယ် ၁၂ နာရီတွင် ပြီးစီးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)