ကာလိ ဇွန် ၂၆
၂၀၂၅ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက် (၉)နာရီအချိန်တွင် အခြေခံပညာကျောင်းအထက်တန်းကျောင်း(ကာလိ)၌ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် “အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့၊ ဘက်ပေါင်းစုံမှပူးပေါင်းပါဝင်၊ မဟာဗျူဟာ (၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ ကာကွယ်ကုသပြန် လည်ထူထောင်လို့ မူးယစ်ကွင်းဆက်ဖြတ်တောက်စို့၊ တရားမဝင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုကို တားဆီးနှိမ်နင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ အဆိပ်ပန်း”စသည့် ကဗျာ၊ ဆောင်းပါး၊ ကာတွန်း၊ ဆောင်ပုဒ်နှင့် အသိပညာပေးအကြောင်းအရာများ ပါရှိကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)