လှိုင်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား စားသုံးဆီများရောင်းချပေး

လှိုင် ဇွန် ၂၅                 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား စားသုံးဆီများရောင်းချခြင်းကို ဇွန်လ ၂၃ ရက်နေ့ နံနက်(၉)နာရီအချိန်ကစတင်၍  မြို့နယ်ကမာရွတ်ဘဏ်ခွဲတွင် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြုန့်ဖြူးရောင်းချရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးနှင့် အခြေခံစားသောက်ကုန်လုံလောက်မှုရှိစေရေး ပိုမိုတိုးမြင့်ထုတ်လုပ်နိုင်ရေးကြီးကြပ်မှုကော်မတီနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာတို့ပူးပေါင်းပြီး ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား စားသုံးဆီဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရန် လက်လီရောင်းချပေးရာ စားသုံးဆီ(၂)ပိဿာ(၇၅)ကျပ်သားလျှင် (၂၁၀၀၀)ကျပ်နှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား စနစ်တကျတန်းစီစနစ်ဖြင့် လက်လီဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်နိုင်(ပြန်/ဆက်)