ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲပြုလုပ်

ပင်လောင်း ဇွန် ၂၅

၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးဆိုင်ရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် မူးယစ်ဆေးဝါးအုပ်စု ငါးမျိုးမှ ပါရှိသည့် ထိုင်းမှိုင်းဆေးအုပ်စုမှ ဆေးအမျိုးအမည်များ၊ စိတ်ငြိမ်ဆေးအုပ်စုမှ ဆေးအမျိုးအမည်များ၊ စိတ်ကြွဆေးအုပ်စုမှ ဆေးအမျိုးအမည်များ၊ အာရုံချောက်ချားဆေးအုပ်စုမှ ဆေးအမျိုးအမည်များ၊ အငွေ့ပြန်ဓာတုဗေဒဆေးအုပ်စုမှ ဆေးအမျိုးအမည်များကို မေးဖြေပုံစံဖြင့် ပြိုင်ပွဲပြုလုပ်ပြီး၊ အဖြေမှန်သူများကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ကြောင်း၊ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်များ၊ သုံးစွဲခြင်းမှရရှိလာသည့် ဆိုးကျိုးများ အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံများကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်