တပ်ကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲ၊ ပြပွဲနှင့်ဟောပြောပွဲများ ကျင်းပ

တပ်ကုန်း ဇွန် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) ပန်းချီ၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲ၊ ဟောပြောပွဲနှင့်ပြပွဲများကို ဇွန် ၂၅ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ဆရာစံရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပန်းချီ၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့် အမှတ်ပေးဒိုင်အဖွဲ့မှ စစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက်ပြိုင်ပွဲတွင် ဆုချီးမြှင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပရာ ဦးစီအရာရှိ ဒေါ်တင့်တင့်ခိုင် က ပြိုင်ပွဲ၊ ပြပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)၊ စာရေးဆရာမ ဌေးဌေးမြင့် (ခင်လေးပြည်ထောင်စု)တို့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခဲ့ပြီးနောက် ဆုရရှိသူများ၊ ပြိုင်ပွဲဝင်သူများအား ဆုတံဆိပ်နှင့် ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲများအပြီးတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

တင်စိုးလွင်