ကျိုင်းတောင်း ဇွန် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်မြို့ အမှတ်(၅)ရပ်ကွက်ရှိ သီရိမင်္ဂလာစုမ့်မိန်းစေတီတော်၌ ယမန်နေ့နံနက် (၇)နာရီခွဲအချိန်တွင် ရွှေထီးတော်တင်အလှူပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲကို ကျိုင်းတောင်းမြို့ရှိ တပ်နယ်၊ တပ်ရင်း/တပ်ဖွဲများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ သီရိမင်္ဂလာစုမ့်မိန်းစေတီတော် ရွှေထီးတော်တင်ပွဲတွင် အလှူရှင်များစုပေါင်း၍ ရုမ်းရိုးရာ အိုးစည်ဗုံမောင်းများဖြင့် ရှမ်းအကများအပြင် ဆိုင်မင်းသမီး ပြည့်ပြည့်အောင်ပါဝင်သော မင်္ဂလာဆိုင်းကို ငှားရမ်းခဲ့ကြောင်း သိရပါသည်။ ရွှေထီးတော်ပင့်ဆောင်ရာတွင် ဝေါးယာဉ်(နတ်ရထား)ကို အသုံးပြုခဲ့ကြပြီး ရွှေထီးတော်တင်ခြင်း ဆောင်ရွက်ပြီးချိန်တွင် ရွှေထီးတော်တင်ခြင်း အလှူအထမြောက်အောင်မြင်ခြင်းအနေဖြင့် အလှူရှင်များမှ ရွှေမိုးငွေးမိုး ရွာသွန်းဖြိုး ပိုက်ဆံများကြဲ၍ အလှူဒါနပြုခဲ့ကြပြီး စည်းကားသိုက်မြိုက်လျက်ရှိကြောင်း တွေ့မြင်ခဲ့ရပါသည်။
ထို့နောက် သံဃာတော်များမှ သီရိမင်္ဂလာစုမ့်မိန်းစေတီတော်အား ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြင့် အလှူပွဲစည်ကားအောင်မြင်စွာ ပြုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။
ကိုကို(ပြန်/ဆက်)