ပင်လုံ ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၃) အခြခံပညာအလယ်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက ကျောင်းကောင်စီသီချင်းကို သံပြိုင်သီဆို၍ ဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝင်းနွဲ့ကဆုံးမသြဝါဒစကားနှင့် ကျောင်းကောင်စီဖွဲ့စည်း တာဝန်ပေးအပ်ခြင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျောင်းကောင်စီအမှုဆောင်အဖွဲ့၏ အမည်စာရင်းများကြေငြာ၍ ကျောင်းအုပ်ကြီးက တာဝန်ပေးအထိမ်းအမှတ်အလံများပေးအပ်ခဲ့ပြီး ကျောင်းကောင်စီအမှုဆောင်အဖွဲ့နှင့် တစ်ကျောင်းလုံးကတိသစ္စာခံယူခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတော်သီချင်းစုပေါင်းသံပြိုင်သီဆို၍ ကျောင်းကောင်စီအဖွဲ့များအား လှည့်လည်ပြသကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)