မိုးနဲ ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်နှင့် ဝန်ထမ်းများပူးပေါင်းကာ မပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အကြိုအဖြစ် အခြေခံပညာကျောင်းများ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော လက်ကမ်းစာစောင်တွင် အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ ကာကွယ် ကုသပြန်လည်ထူထောင်လို့မူးယစ်ကွင်းဆက် ဖြတ်တောက်စို့၊ တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုကို တားဆီးနှိမ်နင်း၊ အဆိပ်ပန်း၊ ကမ္ဘာ့ပြဿနာ မူးယစ်ဆေးတစ်ကမ္ဘာလုံးက တိုက်ဖျက်ပေး၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ အစရှိသည့် အကြောင်းအရာများပါရှိသော သတင်းစကား လက်ကမ်းစာစောင်များအား ကျောင်းသား/သူများ သိရှိစေရန်နှင့် လိုက်နာရှောင်ရှားကြရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်ရုံးအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို အခြေခံပညာကျောင်းများ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရုံးရှေ့မြေစိုက်ပြဘုတ်တွင်လည်း အများပြည်သူများ သိရှိလိုက်နာသင့်သည့် အကြောင်းအရာများကို အချိန်နှင့်တစ်ပြေးညီ ပြသလျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)