မြစ်သား ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရှိ အရေးမဆိုကျေးရွာတွင် ခရိုင်စားသုံးသူရေး ရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ အောင်ကမ္ဘာဆီဆိုင်တွင် ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မော်မော်အောင်က စီးပွားရေးလုပ်ငန်းးရှင်၏ တာဝန်များ၊ စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူ၏တာဝန်များ၊ စီမံခန့်ခွဲရေး အရအရေးယူခြင်းစသည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးသည်။ ထို့နောက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသည့် ဒေသခံပြည်သူများကို စားသုံးသူရေးရာကာကွယ်ရေးနှင့် “ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှစိတ်ချယုံကြည် စားသုံးကြ” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
ဝါဝါမြင့်(မြစ်သား)