ဗိုလ်တထောင် ဇွန် ၂၅
၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် ဗိုလ်တထောင်မြို့နယ် အ.ထ.က(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၈)နာရီအချိန်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ခင်ဝင်းကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ မြို့နယ်အမျိုးသမီးရေးရဥက္ကဋ္ဌဒေါ်ခင်ညွန့်တို့က တာ၀န်ရှိသူများထံ ပျိုးပင်များပေးအပ်ပြီး အဆိုပါပျိုးပင်များအား ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။
အမျိုးသမီးရေးရာနေ့အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲတွင် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌဦးအောင်လွင်နှင့်ဇနီးဒေါ်ခင်ဝင်းကြည်၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလှိုင်မောင်နှင့်ဇနီးဒေါ်ခင်ညွန့်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းစိုက်ပျိုးကြသည်။
ထို့နောက် တက်ရောက်လာသူများက သစ်ပင်များကို ပျော်ပျော်ပါးပါးစုပေါင်းစိုက်ပျိုးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များက လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြောင်းသိရသည်။
ခင်ဝင်း(ပြန်/ဆက် )