မြစ်သား ဇွန် ၂၄ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြို့မဈေးအအတွင်းရှိ ကုန်ပစ္စည်းအရောင်းဆိုင်များတွင် Signal သွားတိုက်ဆေးအတုများရောင်းချခြင်း မဖြစ်ပေါ်စေရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်ဝန်ထမ်းများနှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြစ်သားမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်မော်မော်အောင်နှင့် ဝန်ထမ်းများပူးပေါင်း၍ မြစ်သားမြို့မဈေးအတွင်းရှိ ကုန်ပစ္စည်းအရောင်းဆိုင်များတွင် Signal သွားတိုက်ဆေးအတုများရောင်းချခြင်းမဖြစ်ပေါ်စေရေး လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စားသုံးသူရေးရာကာကွယ်ရေးအသိပညာပေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှစိတ်ချ ယုံကြည်စားသုံး ကြအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ဝါဝါမြင့် (မြစ်သား) မန္တလေးတိုင်းဒေသကြီး အမြို့မြို့အနယ်နယ်သတင်းများ