ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က(ခွဲ) လ(၂၅)ကျောင်းတွင်  ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်

ပြည်ကြီးတံခွန် ဇွန်၂၃

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(ခွဲ)လ(၂၅) ကျောင်းတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေဆောင်ရွက်ခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တ‌လေးခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်နှင့်ဝန်ထမ်းများက Grade -9 ကျောင်းသား/သူများ၊ Grade-7ကျောင်းသား/သူများအား လက်ဝယ်အရောက်ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ပြီး ယင်းလက်ကမ်းစာစောင်တွင် ပါရှိသော  မူးယစ်ဆေးဝါး တိုက်ဖျက်ကာကွယ်ရေးအတွက် “အဆိပ်ပန်း”ကဗျာ၊ မူးယစ်‌ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုကို တားဆီးနှိမ်နင်းသည့် စသည့်အကြောင်း အရာများပါရှိသော သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်