မိုင်းဖြတ် ဇွန် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ရာဂီမုန်တိုင်းကြောင့် မြို့နယ်အတွင်းရှိတောင်သူအချို့၏ စိုက်ပျိုးသီးနှံများပျက်စီးခဲ့သည့်အတွက် နိုင်ငံတော်မှထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇွန်လ ၂၄ ရက်၊ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက နိုင်ငံတော်မှ တောင်သူများအတွက် သီးနှံများပျက်စီးခဲ့သည့်အပေါ် ထောက်ပံ့ငွေများပေးရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အမှာစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်၊ မြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအီလျံနှင့်တာဝန်ရှိသူများက ရာဂီမုန်တိုင်းကြောင့်သီနှံများပျက်စီးခဲ့သည့် ဝမ်လုံး၊ နမ့်ပန်၊ ဝမ်ပုံ၊ မိုင်းဟဲ၊ မိုင်းဖြတ်၊ နမ့်ယွန်းကျေးရွာအုပ်စုများမှ တောင်သူ (၂၃၃)ဦးအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် သီးနှံ (၄၂၀) ဧကအတွက် ကျပ် ၄၂၀ သိန်းကို တောင်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)