ပင်လုံမြို့ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ပင်လုံ ဇွန် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀)အချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံး မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်နှင့် ပြိုင်ပွဲတွင်လိုက်နာရမည့်စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲအား စတင်ကျင်းပခဲ့ပါသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူလေးများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများလေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရရှိစေရန်၊ စာကောင်းပေကောင်းများ၊ စာအုပ်ကောင်းများကို လေ့လာဖတ်ရှုမှတ်သားနိုင်စေရန်၊ ကျောင်းသား/ကျောင်းသူလူငယ်များအား စိတ်ကူးစိတ်သန်းကောင်းများနှင့် ကာယ၊ဉာဏများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲအား ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာခဲ့ပါသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲမှ မိမိတို့အနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်အန္တရာယ်များ၊ ဆိုးကျိုးများ၊ စိတ်ကူးစိတ်သန်းကောင်းများနှင့် ကာယ၊ ဉာဏများဖွံ့ဖြိုးတိုးတက်စေသည့်အလေ့အကျင့်များနှင့်​လေ့လာဖတ်ရှု့မှတ်သားစရာကောင်းသော စာကောင်းပေကောင်းများစွာရရှိ​ကြောင်း ကျောင်းသား/ကျောင်းသူလေးများထံမှ သိရပါသည်။

မြို့နယ် (ပြန်/ဆက်)