ပုဗ္ဗသီရိမြို့နယ်၌ စိုက်ပျိုးရေးအထောက်အကူပြု AI ဉာဏ်ရည်တု နည်းပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်

ပုဗ္ဗသီရိ ဇွန် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထုတ်လုပ်မှုအထောက်အကူဖြစ်စေသည့် AI ဉာဏ်ရည်တုနည်းပညာပြန့်ပွားရေးလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဝဲကြီးကျေးရွာအုပ်စု၊ အုပမချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသည့် တောင်သူများ၏ ဖုန်းထဲသို့ Software များ ထည့်သွင်းပေးခြင်း၊ အသုံးပြုသည့် နည်းလမ်းများ စမ်းသပ်ပြသခြင်း စသည့်ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ ယနေ့အထိ ကျေးရွာ ၂၁ ရွာမှ ဝန်ထမ်းနှင့် တောင်သူစုစုပေါင်း ၁၆၅ ဦးတို့ကို AI ဉာဏ်ရည်တုနည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)