ကျိုင်းလပ် ဇွန် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ကျခမ်းကျောက်အုပ်စု၊ ကျခမ်းဆောင်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း(ကျခမ်းဆောင်)သို့ ယနေ့နံနက် (၁၀)နာရီ (၃၀)မိနစ်အချိန်က ဌာနဆိုင်ရာများစုပေါင်း၍ ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျခမ်းဆောင်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသည် KG မှ Grade-5 အထိရှိပြီး ဒေသခံများမှာလည်း တိုင်းရင်းသားများဖြစ်ခြင်း၊ ကျောင်းသား/သူများအတွက် မုန့်များနှင့် ကျောင်းအတွက်လိုအပ်သည်များကို ကျိုင်းလပ်မြို့ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စည်သူ၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူးဦးဝင်းဇော်ဦး၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး ဦးမောင်မောင်တာ၊ သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမင်း၊ ရေအရင်းမြစ်မှဦးစီးမှူး ဦးမျိုးနှင့် ဌာနဆိုင်ရာများစုပေါင်း၍ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)