မြင်းခြံမြို့၌ Covid -19 ရောဂါကာကွယ်ဆေး pfizer များ ထိုးနှံပေး

မြင်းခြံ ဇွန် ၂၄

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါခံစားနေရသည့် ပြည်သူများအား Covid -19 ရောဂါကာကွယ်ဆေး pfizer များ ထိုးနှံပေးခြင်းကို ဇွန်လ (၉) ရက်နေ့မှစတင်၍ မြင်းခြံခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြင်းခြံမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များ၊ အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါခံစားနေရသည့် ပြည်သူများအား Covid -19 ရောဂါ ကာကွယ်ဆေး pfizer များကို ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါက်တာဇင်မာသန်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။ ယနေ့အချိန်ထိ Covid -19 ရောဂါ ကာကွယ်ဆေး pfizerများ လူဦးရေ (၄၅၀၀) ကျော်ထိ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)