မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့ မဟာမုနိဘုရားကြီးသို့ လာရောက် ဖူးမြော်ကြည်ညို

ချမ်းမြသာစည်    ဇွန် ၂၄

မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E Mr. Harishchandra Ghimire သည် မန္တလေးတိုင်းဒေသကြီး  လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ အဖွဲ့ဝင်များနှင့်အတူ ဇွန် ၂၃ ရက် နံနက် ၁၁ နာရီက ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ မဟာမုနိဘုရားသို့ လာရောက် ဖူးမြော်ကြည်ညိုကြရာ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက ကြိုဆိုဧည့်ခံပြီး  လိုက်လံရှင်းလင်း ပြသပေးခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးနှင့်အဖွဲ့သည်    မဟာမုနိဘုရားကြီးအား ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကာ ဘုရားကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြပြီးနောက် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော မဟာမုနိကျောင်းတော်ကြီးအတွင်း ရှေးမူမပျက်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုလေ့လာခဲ့ကြသည်။         

 ချမ်းမြေ့ (ချမ်း/စည်)