မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကာယကံရှင်များထံသို့ ပေးအပ်

မင်္ဂလာတောင်ညွန့် ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်တွင် ဇွန် ၂၁ ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင်များထံသို့ ပေးအပ်ခဲ့ကြပါသည်။

အဆိုပါအိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မြို့နယ်လဝကမှူး ဦးလင်းထိန်ဦး‌ဆောင်သောအဖွဲ့မှ ကူးတို့ဆိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကာယကံရှင်များထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြပါသည်။

ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ရန် ကျန်ရှိနေသူများအား ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

မြတ်မြတ်အေး (ပြန်/ဆက်)