ဗိုလ်တထောင် ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၀ ရက်နေ့ နေ့လယ်(၃)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝင်းကြည်က လူ့ဘောင်ကောင်းဖို့ မူးယစ်ဆေးကိုရှောင်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ မေမြတ်စန္ဒာက မူးယစ်ဆေးအန္တရာယ် ဝိုင်းဝန်းကာကွယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမမေ(ရန်ကုန်)က မူးယစ်ဆေးဝါးဆိုးကျိုးများခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့သည်။ ထို့နောက် ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား/သူများမှ ကြည့်ရှုခဲ့ကြပြီး ဟောပြောပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခင်ဝင်း (ပြန်/ဆက်)