ဒေါပုံ ဇွန် ၂၃
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းတို့ကို ဇွန် ၂၀ ရက်နေ့နံနက် ၈ နာရီအချိန်က ဇေယျာသီရိရပ်ကွက်၊ ဓမ္မာရုံတွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်၏လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာမျိုးမျိုးခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကူးစက်တတ်သောရောဂါနှင့် မကူးစက်တတ်သော ရောဂါဝေဒနာရှင်များ ရှာဖွေကုသခြင်း၊ အဖျားရှိသူများအား ငှက်ဖျားပိုးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးများကိုလည်း အခမဲ့ပေးဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပါသည်။ အဆိုပါ ကျန်းမာရေးဆိုင်ရာ အခမဲ့ကွင်းဆင်းဆေးကုသခြင်းကို ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့မိ၊ မြို့ဖများက ပူးပေါင်းကာ အပတ်စဉ်သောကြာနေ့တိုင်း ရပ်ကွက်များအလိုက် အလှည့်ကျကွင်းဆင်းကာ အခမဲ့ကုသပေးလျက်ရှိကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)