ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြိုင်ပွဲများ ကျင်းပ

ချမ်းအေးသာစံ ဇွန် ၂၃

ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်မြင့်မားစေရန်နှင့် အသိပညာဗဟုသုတများ ထွန်းကားစေရန်အတွက် ပြိုင်ပွဲများကို ဇွန် ၂၃ ရက် နံနက် ၁၀ နာရီခွဲတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်မြင့်မားစေရန်နှင့် အသိပညာဗဟုသုတများ ထွန်းကားစေရန်အတွက် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်၊ ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၀) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာအုပ်များ၊ ခဲတံများ၊ ကျောင်းသုံးစာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်