ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂ဝ၂၅ခုနှစ်၊ (၁၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားသို့ တက်ရောက်ပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး

 ရန်ကုန် ဇွန်  ၂၂

၂ဝ၂၅ခုနှစ်၊ (၁၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. AbhayThakur ၊နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ Emcee, Director, Dr. Ashish Kumarက နှုတ်ခွန်းဆက်စကား‌ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Abhay Thakur က မိန့်ခွန်းပြောကြားသည်။

ယင်းနောက် ယောဂကျင့်စဉ်သမိုင်းကြောင်းအား Video Clip ဖြင့်ပြသ ကာယောဂသင်တန်းကျောင်းမှ ဆရာမနှစ်ဦးက ယောဂကျင့်စဉ်များအား ဦးဆောင်သရုပ်ပြသခဲ့ပါသည်။

ဆက်လက်၍ Emcee, Director Dr Ashish Kumar က ကျေးဇူးတင်စကားပြန်လည် ပြောကြား၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Abhay Thakur မှ အမှတ်တရလက်ဆောင် ပေးအပ်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံသို့ ရောက်ရှိရာ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဌနှင့် အမှုဆောင်တို့က ကြိုဆိုနှုတ်ဆက်ကြပြီး အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲတွင် ပဏာမလက်ရွေးစင်ဘော်လီဘော (ခ) အသင်းနှင့်

(ဂ) အသင်းတို့ ယှဉ်ပြိုင်ကစားနေမှု တို့အား ကြည့်ရှုအားပေးပြီးနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က ဆုရရှိသည့်အသင်းတို့မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့်ဆုဖလားတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)