မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အမျိုးသားစာပေဆုရှင်ဘန္ဒန္တပညာသာရက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ စာအုပ်စာစောင်များလှူဒါန်း

မန္တလေး ဇွန်၂၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်၊ ၇၁လမ်း၃၂လမ်း၊ နန်းဦးတိုက် မဟာဓမ္မပါလတိုင်းရင်းသားဗုဒ္ဓသာသနာပြုသင်တန်းကျောင်းတွင် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျင်းပသည်။

အဆိုပါ ပေးအပ်လှူဒါန်းပွဲတွင် မန္တလေးမြို့၊ နန်းဦးတိုက် မဟာဓမ္မပါလတိုင်းရင်းသားဗုဒ္ဓသာသနာပြု သင်တန်းကျောင်း၊ ကျောင်းဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အမျိုးသားစာပေဆုရှင်ဘန္ဒန္တပညာသာရနှင့် မန္တလေးမြို့၊ မြို့တော်ဝန်နှင့်နေပြည်တော်ကောင်စီဝင်(ငြိမ်း)သီရိပျံချီဝဏ္ဏကျော်ထင်ဦးဖုန်းဇော်ဟန်တို့က  မြန်မာ့ရှေးရိုးပန်းချီဗုဒ္ဓဝင်စာအုပ်နှင့် ပန်းအလင်္ကာဗုဒ္ဓဖြစ်တော်စဉ် သမိုင်းစာအုပ်(၁၀၀)ကို ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ညွှန်ကြားရေးမှူးဒေါ်ဝေဝေဖြိုးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ အဆိုပါစာအုပ်များကို မန္တလေးခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်များ၊ ရပ်ကွက်၊ ကျေးရွာစံညီစာကြည့်တိုက်များကို ဆက်လက်လှူဒါန်းပေးအပ်သွားမည်ဖြစ်ပြီး စာအုပ်တန်ဖိုး စုစုပေါင်းကျပ်ခြောက်ဆယ့် နှစ်သိန်းငါးသောင်း ဖြစ်ကြောင်းသိရသည်။

ဦးဇင်မင်းမောင်