မြစ်သားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကျေးလက်လမ်းများအား မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်သား ဇွန် ၂၂

သမဝါယနှင့်ကျေးလက်ဖွံ့ဖြိုးရေးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း/ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်လမ်း တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ ယမန်နေ့မွန်းလွှဲပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် ခရိုင်၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာများနှင့်အတူ အမှတ်(၄)ခရိုင်ပတ်လမ်း (မြင်းခြံကုန်း-ခံတက္ကုန်း-နှမ်းခင်း-ရွှေစေတီလမ်း)ကတ္တရာ ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းမှာ ကျေးရွာ(၈)ရွာ၊ အိမ်‌ခြေ(၁၅၃၇)အိမ်၊ လူဦး‌ရေ(၆၈၁၇)ဦး အသုံးပြု သွားလာလျက်ရှိကြောင်း သိရသည်။

သီတာအောင်(မြစ်သား)