မုဒုံ ဒီဇင်ဘာ ၁၅
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိ လာသည့် ရွှေ့ပြောင်းလုပ်သားများအား ယမန်နေ့နံနက်(၁၀)နာရီက တံခွန်တိုင်ကျေးရွာ ရှိ ဆန်ကြာဇံ အလုပ်ရုံနှင့် မြို့မ(၂)ရပ်ကွက် ကော့ပရံလမ်းဟောင်းအုတ်ဖို နေရာများတို့၌ RDT Test Kit ဖြင့် နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာရယူ၍ ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ စစ် ဆေးခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာမြင့်သိန်းဦး ဦးစီး၍ ကျန်းမာရေးဝန်ထမ်းများတို့က မုဒုံမြို့နယ် တံခွန်တိုင် ကျေးရွာရှိ ဆန်ကြာဇံအလုပ်ရုံနှင့် ၎င်းကျေးရွာရှိ အုတ်လုပ်ငန်း လုပ်ကိုင် လုပ်ကိုင်ကြမည့် အလုပ်သမား(၂၂)ဦးကိုလည်ကောင်း၊ မုဒုံမြို့နယ် မြို့မ(၂)ရပ်ကွက်ရှိ ဦးသန့်ဇော်ဦး ပိုင်ဆိုင် သော အုတ်လုပ်ငန်းတွင် လုပ်ကိုင်ကြမည့် အလုပ်သမား (၆၇) ဦးတို့ကို တတိယအသုတ် အဖြစ်လည်ကောင်း နှာခေါင်းနှင့်အာခေါင် တို့ဖတ် နမူနာ ရယူပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ကြသည်။
အဆိုပါ ရွှေ့ပြောင်းလုပ်သားများမှာ မိမိတို့၏ သတ်မှတ်ထားသည့် နေအိမ်များ၌ သွားလာ ကန့်သတ်စောင့်ကြည့် နေထိုင်သူများဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီး ဌာန မှသိရ သည်။
အောင်မျိုးသူ(ပြန်/ဆက်)