ကျိုင်းတောင်း ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းတိုက်နယ်ဆေးရုံ တာဝန်ခံ ဆရာဝန် ဒေါက်တာဝင်းထက်မွန်နှင့် ကျန်းမာရေးဝန်ထမ်းများသည် Facility Quarantine ထားရှိသူ (၄)ဦးအား ကျိုင်းတောင်းမြို့ အခြေခံပညာ မူလတန်း (အ.မ.က)နမ့်ဟူးကျောင်း၌ ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်ခန့်က Rapid diagnostic test (RDT) ဖြင့် ကိုဗစ်−၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(အ.မ.က)နမ့်ဟူးကျောင်း၌ Facility Quarantine ထားရှိသူ (၄)ဦးမှာ မန္တလေးမြို့မှ ရောက်ရှိ လာသူများဖြစ်ကြပြီး ၎င်း(၄)ဦးတို့အား Rapid diagnostic test ဖြင့် COVID-19 ရောဂါပိုးရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်ပေးခဲ့ရာ အဆိုပါ မန္တလေးမှပြန်သူ(၄)ဦးတို့တွင် COVID-19 ရောဂါပိုး မရှိ (Negative) ကြောင်း ကျိုင်းတောင်းမြို့ တိုက်နယ်ဆေးရုံမှ သိရသည်။
သီဟထွန်း(ပြန်/ဆက်)