ရပ်စောက် ဇွန် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုကို အမှတ် (၁၀) အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်လင်းလင်းနိုင်၊ အခြေခံပညာမူလတန်းကျောင်းမှ ဆရာမ ဒေါ်ယဉ်မေသန်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲစည်းမျဉ်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို “စဉ်ဆက်မပြတ်တိုးတက်ဖို့ အမျိုးသမီးများလည်းပါဝင်စို့” ခေါင်းစဉ်ဖြင့် ကျင်းပရာ ရပ်စောက်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ အထက်တန်းကျောင်းခွဲများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၂၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်