ဆီဆိုင်မြို့တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ပညာရေးမှူးရုံးသစ် တည်ဆောက်

 

ဆီဆိုင်    ဒီဇင်ဘာ        ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မြို့နယ်ပညာရေးမှူးရုံးသစ် တည်ဆောက်ခြင်း ရတနာပန္နက်တော်တင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရုံးသစ်တည်ဆောက်မည့်မြေနေရာ၌ ကျင်းပသည်။

ရတနာပန္နက်တော်တင်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့နယ်ပညာရေးမှူး ဦးစိုးသစ်နှင့် တာဝန်ရှိသူများက မြို့နယ်ပညာရေးမှူးရုံးသစ် အဆောက်အအုံ ဆောက်လုပ် မည့်မြေနေရာ တွင် ရတနာပန္နက်ရိုက်၍ အမွှေးနံသာရည်များပက်ဖျန်း ပေးကြကြောင်း သိရသည်။

အဆိုပါအဆောက်အအုံသစ်ကို အလျားပေ ၁၀၀ ၊ အနံ ၃၀ ပေ၊ အမြင့် ၂၄ ပေရှိ RCC(၂)ထပ် အဆောက် အအုံ အမျိုးအစားဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေ ကျပ်(၁၆၄.၈၁) သန်းဖြင့် Shan Home Land Co.,Ltd ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန် ယူတည်ဆောက်မည်ဖြစ်သည်။

ခွန်ရဲထွေး(ဆီဆိုင်)