မိုင်းပျဉ်း ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁၀)ရွာ၌ သောက်သုံးရေရရှိရေးဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါလုပ်ငန်းများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေကျပ်သန်း(၁၈၀) ကျော်ဖြင့် လုပ်ငန်း(၈)ခုနှင့် ဂါလံ(၃၀၀၀)ဆံ့ရေကန်တည်ဆောက်ခြင်း လုပ်ငန်း(၂)ခုတို့ကိုအကောင် အထည်ဖေါ် ဆောင်ရွက် သွားမည်ဖြစ်ပြီး ယခုအခါ အဆိုပါလုပ်ငန်းများဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူလျက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
သောက်သုံးရေလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၁၀)ရွာရှိ အိမ်ခြေ (၃၁၉) အိမ်၊ လူဦးရေ (၁၆၄၃) ဦးနှင့်ကျွဲ၊နွားတိရစ္ဆာန်များ အတွက် ရာသီမရွေး သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
မေမွန်ထွဋ်၊ပြန်ဆက်