လယ်ဝေးမြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ရန် အစည်းအဝေးကျင်းပ

 လယ်ဝေး      ဒီဇင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများ ရေးဆွဲ အကောင်အထည် ဖော်နိုင်ရန်အတွက် လယ်ဝေးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၉)နာရီခွဲက အစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လျာထားရာတွင် ပြည်သူလူထုကို အမှန်တကယ်အကျိုးပြုမည့် အချက်အလက် များနှင့်ကိုက်ညီသည့် လုပ်ငန်းများကို ညှိနှိုင်းရေးဆွဲရန် အကြံပြုဆွေးနွေးသည်။ ထို့နောက် မြို့နယ် စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းက နေပြည်တော် ကောင်စီဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ၊ ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်း များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ရာ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း စီမံကိန်းရေးဆွဲရာတွင် အသီးသီးတင်ပြ ခဲ့ကြသည်။

အစည်းအဝေးကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဦး ၊မြို့နယ်စည်ပင်သာယာရေး ကော်မတီ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်သူ၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သိန်းသိန်းနှင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)