နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား Covid -19 ရောဂါကာကွယ်ဆေး pfizer များ ထိုးနှံပေး

မန္တလေး ဇွန် ၂၀

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များအား Covid 19 ရောဂါကာကွယ်ဆေး pfizer များထိုးနှံပေးခြင်းကို ဇွန်လ ၂၀ ရက်နေ့က မန္တလေး၊ အောင်မြေသာစံခရိုင်၊‌ အောင်မြေသာစံမြို့နယ်ရှိ မြို့နယ်စာရင်းစစ်ရုဲးတွင် ပြုလုပ်ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စာရင်းရုံးနှင့်အနီးဝန်းကျင်ရှိရုံးများမှ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုဝင်(၁၈၀)ဦးတို့အား Covid-19 ရောဂါကာကွယ်ဆေး pfizer များကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)