မိုင်းယုမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

မိုင်းယု  ဇွန် ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်ပန်းချီပြိုင်ပွဲကို ယနေ့နေ့လယ်ပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

ယင်းပန်းချီပြိုင်ပွဲကို ဦးစွာကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းရှိ  Grade-5 Grade-6နှင့် Grade-7တို့မှ ကျောင်းသား/ကျောင်းသူစုစုပေါင်း ဦးတို့က မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး ပူးပေါင်းပါဝင်ရေးခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည်။

ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မိုင်းယုနယ်မြေစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်းက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုနှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများအကြောင်းတို့ကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာက ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးရှောင်ကြဉ်ရေးနှင့် စာပေဖတ်ရှုခြင်းအကြောင်းတို့ကိုလည်းကောင်း ဟောပြောခဲ့ကြပြီး ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသော ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုဒိုင်းနှင့်ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားကို မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါး၊ လူငယ်ရေးရာနှင့်ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ကိုကိုနိုင်