မိုင်းဖြတ် ဇွန် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ရှေးဦးစွာ ပြိုင်ပွဲကြီးကြပ်သူများ၊ တာဝန်ရှိသူများက ပြိုင်ပွဲစည်းကမ်းချက်များနှင့် ပြိုင်ပွဲဝင်ခေါင်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ၌ “စဉ်ဆက်မပြတ်တိုးတက်ဖို့ အမျိုးသမီးများလည်းပါဝင်စို့” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက် မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)