ပြင်ဦးလွင်မြို့နယ်၌ ပြန်လည်ကျင်းပသည့် ၂၀၂၅  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပဥ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်အား ဆက်လက်ဖြေဆို

ပြင်ဦးလွင် ဇွန်   ၂၀

ပြင်ဦးလွင်မြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ  ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ပဉ္စမနေ့အဖြစ်  ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက ကျောင်း သား၊ကျောင်းသူများအား စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/မမှန်စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆို နိုင်ရေးအတွက်ကျောင်းဝင်းအတွင်းနှင့်အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/‌ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ် ကြည့်ရှုအားပေးလျက်ရှိသည်။

ပြင်ဦးလွင်မြို့နယ်၌  စာစစ်ဌာန ( ၅) ခုတွင် စာရင်းရှိ  ကျောင်းသား ၊ကျောင်းသူ(၃၃၄၇)ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ  ရူပဗေဒဘာသာရပ်အား  ဝင်ရောက်ဖြေဆိုသူ (၃၂၀၅)ဦးနှင့် ပျက်ကွက် (၃၉) ဦး၊ သမိုင်းဘာသာရပ်အား ၀င်ရောက်ဖြေဆိုသူ(၁၀၂)ဦးနှင့် ပျက်ကွက် () ဦးရှိသည်။ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉.)ရာခိုင်နှုန်းဖြစ်ရာ  ပျက်ကွက်ရာခိုင်နှုန်းမှာ  (.) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်  (ပြန်/ဆက်)