ပုသိမ်ကြီးမြို့နယ်တွင်၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

ပုသိမ်ကြီး ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade -12 ရူပဗေဒဘာသာရပ်နှင့် သမိုင်း ဘာသာရပ်တို့အား ယနေ့နံနက် ၉ နာရီက အ-ထ-က ပုသိမ်ကြီးနှင့် အ-ထ-က အုန်းချောတို့၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။

အ-ထ-က အုန်းချောစာစစ်ဌာန၌ စာမေးပွဲဖြေဆိုရာသို့ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိန်ယု၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းသန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးညွန့်ဆန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြသည်။

ရူပဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရာတွင် စာရင်းရှိ ကျောင်းသား ၂၈၆ ဦး၊ ကျောင်းသူ ၄၂၈ ဦး၊ စုစုပေါင်း ၇၁၄ ဦး၊ လာရောက်ဖြေဆိုသူ ကျောင်းသား ၂၈၂ ဦး၊ ကျောင်းသူ ၄၂၀ ဦး၊ စုစုပေါင်း ၇၀၂ ဦး၊ ပျက်ကွက် ၁၂ဦး ရှိပြီး၊ ဖြေဆိုမှု ရာခိုင်နှုန်း ၉၈.၄၂ ရှိပြီး၊ သမိုင်းဘာသာရပ် ဖြေဆိုရာတွင် စာရင်းရှိ ကျောင်းသား ၁၁ဦး၊ ကျောင်းသူ ၂၇ဦး၊ စုစုပေါင်း ၃၈ ဦး၊ လာရောက်ဖြေဆိုသူ ကျောင်းသား ၁၁ဦး၊ ကျောင်းသူ ၂၇ဦး၊ စုစုပေါင်း ၃၈ဦး ပျက်ကွက်မရှိ လာရောက်ဖြေဆို၍ ဖြေဆိုမှု ရာခိုင်နှုန်း ၁၀၀ ရှိကာ ပုသိမ်ကြီးမြို့နယ်တွင် စာစစ်ဌာန အ-ထ-က ပုသိမ်ကြီး၊ အ-ထ-က အုန်းချောတို့တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)