မိုင်းယောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ပြုလုပ်

မိုင်းယောင်း ဇွန် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တာဝန်ခံ ဒေါ်နန်းပန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု စာအုပ်မှ သွားလျှင်တစ်တိုင် နားလျှင်တစ်ထိုင်အကြောင်းကို ဦးဆောင်ဖတ်ကြားသည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူ နန်းဖောင်းခမ်းက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ခေါင်းဆောင်မှုအတွေး၏ အရေးပါမှုစာအုပ်မှ ပညာနှင့်တူသောအလင်းအကြောင်းကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝေဝေခိုင်က သည်းခံခြင်း၏အကျိုးကျေးဇူးအကြောင်းကိုလည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူ စိုင်းဆိုင်ခမ်းက ခေါင်းဆောင်မှုအကြောင်းကိုလည်းကောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က ပူးပေါင်းဆောင်ရွက်ခြင်းအကြောင်းကိုလည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူ မောင်ဘုန်းမြတ်သူက လူငယ်နှင့်ပညာရေးအကြောင်းကိုလည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တာဝန်ခံနှင့်ဖတ်ကြားသူများ၊ စာဖတ်ဝိုင်းတက်ရောက်သူများကဖတ်ကြားသည့် အကြောင်းအရာများ၊ စာကြည့်တိုက်၊ စာအုပ်စာပေနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အပြန်အလှန်ဆွေးနွေးခဲ့သည်။

ရာဇီ(ပြန်/ဆက်)