မိုင်းရှူး ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ ကြူလွိုင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက မူးယစ်ဆေးဝါးအမျိုးအစား၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပွားတတ်သည့်ရောဂါများအကြောင်း ဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကျန်းမာရေးအသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေး ဓါတ်ပုံပြပွဲနှင့်နံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)