ခိုလမ်မြို့၊ အ.မ.က(ခလရ၆၆)ကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်‌‌ရေးနေ့ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ခိုလမ် ဇွန် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ.မ.က(ခလရ၆၆)ကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်‌‌ရေးနေ့ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီ (၃၀)မိနစ်နာရီအချိန်က ကျင်းပခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝေဝေအောင်က မူးယစ်ဆေးဝါး၏အဓိပ္ပာယ်များ၊ မူးယစ်ဆေးဝါးအုပ်စုအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၏သွင်ပြင်လက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲလျှင်ရရှိမည့် ထိခိုက်မှုဆိုးကျိုးအန္တရာယ်များစသည်တို့ကို အသိပညာ‌ပေးဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်အသိပညာ‌ပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)