ကျိုင်းတုံ မြို့နယ်တွင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ကျိုင်းတုံ ဇွန် ၂၀

၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ Polytechnic University(Kyaing Tong)၌ ကျင်းပသည်။

ဟောပြောပွဲတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်၊ အဖွဲ့ဝင်ဦးဝင်းမိုးနှင့် ဒေါ်စန်းစန်းမြင့်တို့က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးထိခိုက်ဆုံးရှုံးမှုများအကြောင်း၊ မူးယစ်ဆေးဝါးပြစ်မှုများကျူးလွန်ပါက ချမှတ်ခြင်းခံရမည့်ပြစ်ဒဏ်များအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့်အချက်များနှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား  အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)