ဆီဆိုင် ဇွန် ၂၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှတာဝန်ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရှိ ဒေသခံစိုက်ပျိုးတောင်သူများအား ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဇော်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်အောင်တို့က ဒေသခံတောင်သူများအား စိုက်ပျိုးသီးနှံများစိုက်ပျိုးရာတွင်ကြုံတွေ့ရသည့် အခက်အခဲ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရန်နှင့် စိုက်ပျိုးသီးနှံစိုက်ပျိုးရေးနည်းစနစ်များကို အသီးသီးရှင်းလင်းပြောကြားကြသည်။ ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက ဒေသအတွင်းစိုက်ပျိုးကြသည့် သီးနှံအခြေအနေများကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)